Saturday, February 10, 2018

Electoral Systems



ရွေးကောက်ပွဲစနစ်များ
 

ရွေးကောက်ပွဲစနစ်သည် နိုင်ငံ(သို့) အဖွဲ့အစည်းတစ်ခု၏ Institutionalization ဖြစ်စဉ်အတွက် ရေးပါသော အချက်တစ်ခုဖြစ်ပါသည် မည်သည် ဒီမိုကရေစီ စနစ်တွင်မဆို သင်လျော်​​သော စနစ်တစ်ခု ရွေးချယ်အသုံးပြုကြရပါသည် ရွေးကောက်ပွဲစနစ် မူကွဲအမျိုးမျိုးရှိသော်လည် အဓိကအားဖြင် ပုံစံ ၁၂ခုရှိပြီး အုပ်စု ()ခုခွဲနိုင်ပါသည် ထို့ပြင် အဓိက အုပ်စုထဲတွင် ပါဝင်ခြင် မရှိသော စနစ်ပုံစံများလည် ရှိပါသည် မဲပေးနည်းများကို လေ့လာသော ပညာကို လူမှုရွေးချယ်မှုသီအိုရီ သို့မဟုတ် မဲပေးခြင်းသီအိုရီ ဟုခေါ်ပြီး ၎င်းသည် နိုင်ငံရေးသိပ္ပံ၊ စီပွားရေးနှင့် သချာင်္တို့၏ နယ်ပယ်တစ်ခု ဖြစ်ပါသည်။

(1)ဗဟု/အများစု စနစ်များ-Plurality/Majority Systems
  1. အနိုင်ရသူအကုန်ယူစနစ်(FPTPစနစ်- First Past The Post)
  2. ကိုယ်စားလှယ်ဗဟိုပြုစနစ်(BVစနစ်- Block Vote)
  3. ပါတီဗဟိုပြုစနစ်(PBVစနစ်- Party Block Vote)
  4. ကြိုက်နှစ်သက်မှုဦးစားပေးစနစ်(AVစနစ်- Alternative Vote)
  5. နှစ်​​ကျော့ပြန်စနစ်(TRစနစ်-Two Round)
(2)အချိုးကျကိုယ်စားပြုစနစ်များ-Proportional Representation Systems
  1. စာရင်းလိုက်အချိုးကျကိုယ်စားပြုစနစ်(List PRစနစ်- List Proportional Representation)
  2. လွှဲပြောင်း၍ရသောတစ်မဲတည်ပေးစနစ်(STVစနစ်- Single Transferable Vote)
(3)စနစ်​​ရောများ-Mixed Systems
  1. ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ်(MMPစနစ်- Mixed Member Proportional)
  2. ပူးတွဲစင်ပြိုင်စနစ်(Parallelစနစ်- Parallel System)
အခြား
  1. လွှဲပြောင်း၍မရသောတစ်မဲတည်ပေးစနစ်(SNTVစနစ်- Single Non-transferable Vote)
  2. ကန့်သတ်ထားသောမဲပေးစနစ်(LVစနစ်- Limited Vote)
  3. ဘော်ဒါ့ရေတွက်မှုစနစ်(BCစနစ်- Borda Count)

အနိုင်ရသူအကုန်ယူစနစ်(FPTPစနစ်- First Past The Post)
First Past The Post is the simplest form of plurality/majority electoral system. The winning candidate is the one who gains more votes than any other candidate, even if this is not an absolute majority of valid votes. The system uses single-member districts and the voters vote for candidates rather than political parties.
အနိုင်ရသူအကုန်ယူစနစ်သည် ဗဟု/အများစု ရွေးကောက်ပွဲစနစ်၏ အရိုးရှင်းဆုံး ပုံစံဖြစ်ပါသည်။ အခြား ကိုယ်စားလှယ်လောင်းများထက် ပို၍ မဲများရုံဖြင့်(ထိုသူသည် ခိုင်လုံမဲကို ပြည့်ဝစွာ အသာမရစေကာမူ- ၅၀% မကျော်သော်လည်း) အနိုင်ရနိုင်ပါသည်။ ဤစနစ်ကို ကိုယ်စားလှယ်တစ်ဦးတည်းရွေးကောက်တင်မြှောက်သောစနစ်ဖြစ်ပြီး မဲဆန္ဒရှင်များသည် အများအားဖြင့် ပါတီထက် ကိုယ်စားလှယ်လောင်းကို ရွေးချယ်ရသည်။
FPTPစနစ်တွင် မဲပေးမည့် မဲဆန္ဒရှင်များသည် ကိုယ်စားလှယ်လောင်းအမည်ရေးသားထားသော မဲလက်မှတ်တွင် ၎င်းတို့ ရရှိစေလိုသော ကိုယ်စားလှယ်လောင်းအမည်ကို ရွေးချယ်ပေးစေသည့် ပုံစံကို အသုံးပြုပါသည်။ အနိုင်ရရှိသော ကိုယ်စားလှယ်သည် အခြား ပြိုင်ဘက်များထက် ပို၍ မဲရရှိသူဖြစ်ပြီး တစ်မဲ အသာရရုံမျှဖြင့် အနိုင်ရရှိပါသည်။
FPTPစနစ်ကို ဗြိတိန်နိုင်ငံနှင့် ယခင်က ၎င်း၏ ကိုလိုနီဖြစ်ခဲ့ဖူးသော နိုင်ငံအများစုသည် FPTPစနစ်ကို ကျင့်သုံးကြပြီး Electoral System Design: The New International IDEA Handbook အရ ကမ္ဘာပေါ်ရှိ နိုင်ငံ ၂၁၃နိုင်ငံတွင် ၂၂ရာခိုင်နှုန်းသည် FPTPစနစ်ကို ကျင့်သုံးကြပါသည်။
အားသာချက်များ
(က)    အဓိကပါတီကြီးနှစ်ခုကြားတွင် ပြတ်သားသော ရလာဒ်ကို ရရှိစေသည်။
()        တစ်ပါတီအစိုးရကို ဖြစ်ပေါ်စေသည်။
()        လွှတ်တော်တွင်း ခိုင်မာသော အတိုက်အခံအင်အားစုကို ပေါ်ထွန်းစေသည်။
(ှဃ)      အမြင်ကျယ်သောပါတီများကို ပေါ်ထွက်လာစေသည်။
()        အစွန်းရောက်ပါတီများကို ဖယ်ရှားနိုင်သည်။
()        ကိုယ်စားလှယ်နှင့် မဲဆန္ဒရှင်အကြား တစ်သားတည်းဖြစ်စေသည်။
()      ပါတီထက် ကိုယ်စားလှယ်ကို ပို၍ ရွေးချယ်စေနိုင်သည်။
()        တစ်သီးပုဂ္ဂလများအတွက် အခွင့်အလမ်းရှိသည်။
(ဈ)       အသုံးပြုရလွယ်ကူသည်။
အားနည်းချက်များ
(က)      ပါတီငယ်များအတွက် မျှတမှုမရှိ။
()        လူနည်းစုကိုကိုယ်စားပြုမှုအတွက် မျှတမှုမရှိ။
()        အမျိုးသမီးများ ကိုယ်စားပြုမှုကို ချန်လှပ်ထားခံရနိုင်သည်။
()      ပထ၀ီအနေအထားကို ဦးစားပေးလွန်းသည်။
()        ဒေသအလိုက်ကြီးစိုးမှုကို ဖြစ်စေသည်။
()        အလဟဿဖြစ်သော မဲအရေအတွက်တိုးလာစေသည်။ ပယ်မဲလည်း များလေစေသည်။
()      တခါတရံ ဆန္ဒမဲကွဲပြားသွားစေပြီး အခြားမထင်မှတ်သူက အနိုင်ရသွားတတ်သည်။
()        လူထုထောက်ခံမှုအနည်းငယ်သာ ကျဆင်းခြင်းသည် ပါတီ၏ ကိုယ်စားလှယ်နေရာများကို ထိခိုက်နိုင်ခြင်းမရှိ။
(ဈ)       မဲဆန္ဒနယ်နိမိတ်ပေါ်တွင် အနိုင်အရှုံးသည် မူတည်နေသည်။

ကိုယ်စားလှယ်ဗဟိုပြုစနစ်(BVစနစ်- Block Vote)
Block Vote is a plurality/majority system used in multi-member districts. Electors have as many votes as there are candidates to be elected. The candidates with the highest vote totals win the seats. Usually voters vote for candidates rather than parties and in most systems may use as many, or as few, of their votes as they wish.
ကိုယ်စားလှယ်ဗဟိုပြုစနစ်သည် တစ်ဦးထက်ပိုသော ကိုယ်စားလှယ်ရွေးချယ်သည့် မဲဆန္ဒနယ်များတွင် အသုံးပြုသော ဗဟု/အများစုစနစ်တစ်ခုဖြစ်ပါသည်။ ရွေးချယ်ရန် ကိုယ်စားလှယ်တစ်ဦးထက်ပိုသဖြင့် မဲပေးသူများသည်လည်း ဆန္ဒမဲတစ်မဲထက်ပိုပေးနိုင်ပါသည်။ မဲအများဆုံးရရှိသော ကိုယ်စားလှယ်သည် အနိုင်ရရှိမည်ဖြစ်ပါသည်။ များသောအားဖြင့် မဲဆန္ဒရှင်များသည် ပါတီထက် ကိုယ်စားလှယ်ကို မိမိတို့ ဆန္ဒရှိသလို မဲပေးရွေးချယ်ကြပါသည်။
BVစနစ်သည် နိုင်ငံရေးပါတီများ နည်းပါးသော သို့မဟုတ် ခိုင်မာအားကောင်းမှုမရှိသော နိုင်ငံများတွင် အသုံးပြုလေ့ရှိကြပါသည်။ ပါတီတစ်ခုသည် ကိုယ်စားလှယ်တစ်ဦးထက်ပို၍ ယှဉ်ပြိုင်နိုင်ပြီး မဲဆန္ဒနယ်အတွင်း လိုအပ်သော ကိုယ်စားလှယ် အရေအတွက်အတိုင်း မဲဆန္ဒရှင်များသည်လည်း ဆန္ဒမဲ ရရှိသဖြင့် ကြိုက်သလို မဲပေးနိုင်သည်။
အားသာချက်များ
(က)      ကိုယ်စားလှယ်လောင်းတစ်ဦးချင်းအလိုက် မဲပေးနိုင်ခွင့်ရှိခြင်း
()        သင့်တော်သော မဲဆန္ဒနယ်အရွယ်အစားကို ရရှိနိုင်ခြင်း
()        FPTPစနစ်ထက်ပို၍ ပါတီ၏ကဏ္ဍကို မြင့်တင်ပေးစေနိုင်ပြီး ပါတီများကို စွမ်းရည်မြင့်တက်လာစေခြင်း
အားနည်းချက်များ
(က)      ရွေးကောက်ပွဲရလာဒ်တွင် ကြိုတင်မခန့်မှန်းနိုင်သော ရလာဒ်မျာဒ ရလာတတ်ခြင်း
()        မဲရလာဒ် အချိုးမညီမျှမှုများ ထွက်ပေါ်လာစေခြင်း
()        ပါတီများကို ကွဲပြားစေပြီး အကျင့်ပျက်ခြစားမှုကို ဖြစ်စေခြင်း

ပါတီဗဟိုပြုစနစ်(PBVစနစ်- Party Block Vote)
            Party Block Vote - A plurality/majority system using multi-member districts in which voters cast a single party centred vote for a party of choice, and do not choose between candidates. The party with most votes will win every seat in the electoral district.
            PBVစနစ်သည် ကိုယ်စားလှယ်တစ်ဦးထက် ပိုရွေးချယ်သော မဲဆန္ဒနယ်များတွင် အသုံးပြုသော ဗဟု/အများစု စနစ်ဖြစ်ပြီး မဲဆန္ဒရှင်များသည် ပါတီတစ်ခုတည်းကိုသာ ရွေးချယ်ရပြီး ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရန်မလိုပါ။ ဆန္ဒမဲအများဆုံးရရှိသော ပါတီသည် အနိုင်ရရှိပြီး အဆိုပါမဲဆန္ဒနယ်အတွင်းရှိ ကိုယ်စားလှယ်နေရာများကို အကုန် ရရှိမည် ဖြစ်ပါသည်။
            FPTPစနစ်နှင့် မတူသော အချက်မှာ ကိုယ်စားလှယ်တစ်ဦးထက်ပိုရွေးချယ်သော မဲဆန္ဒနယ်များတွင် အသုံးပြုပြီး တူသောအချက်မှာ အနိုင်ရခြင်းသည် မဲအများစု(၅၀%ကျော်ရန်) မလိုဘဲ အခြားပြိုင်ဘက်များထက် မဲအသာရရန်သာ လိုအပ်ပါသည်။ တချို့နိုင်ငံများတွင် လူနည်းစုနှင့် လူမျိုးစုံ ကိုယ်စားပြုမှုအတွက် ပါတီများ၏ စာရင်းတင်သွင်းမှုကို ပုံစံတကျရေးဆွဲထားကြပါသည်။
အားသာချက်များ
(က)      FPTPစနစ်ကဲ့သို့ပင် အသုံးပြုရလွယ်ကူခြင်း
()        ခိုင်မာသော ပါတီများကို အားပေးခြင်း
အားနည်းချက်များ
(က)      FPTPစနစ်၏အားနည်းချက် အများစုကို PBVစနစ်တွင်လည်း တွေ့ရပါသည်။
()        တခါတရံ ဆန္ဒမဲအနည်းငယ်အသာဖြင့် အချိုးမညီမျှစွာ အနိုင်ရရှိတတ်ပါသည်။

ကြိုက်နှစ်သက်မှုဦးစားပေးစနစ်(AVစနစ်- Alternative Vote)
            The Alternative Vote is a preferential plurality/majority system used in single-member districts. Voters use numbers to mark their preferences on the ballot paper. A candidate who receives an absolute majority (50 per cent plus 1) of valid firstpreference votes is declared elected. If no candidate achieves an absolute majority of first preferences, the least successful candidates are eliminated and their votes reallocated according to their second preferences until one candidate has an absolute majority. Voters vote for candidates rather than political parties.
            AVစနစ်သည် ကိုယ်စားလှယ်တစ်ဦးတည်းရွေးချယ်သော မဲဆန္ဒနယ်များတွင် အသုံးပြုသည့် ကြိုက်နှစ်သက်မှု ဦးစားပေး ဗဟု/အများစု ကိုယ်စားပြုစနစ်ဖြစ်သည်။ မဲဆန္ဒရှင်များသည် ဆန္ဒမဲကဒ်ပြားပေါ်တွင် မိမိတို့ ကြိုက်နှစ်သက်မှုအလိုက် ကိန်းဂဏန်းများကို အမှတ်အသားပြုကြသည်။ ပထမဦးစားပေး ရွေးချယ်မှုကို ပကတိအများစု (၅၀%ကျော်) ရရှိသော ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ခံရသည်။ မည်သည့်ကိုယ်စားလှယ်လောင်းမျှ ပထမဦးစားပေး ရွေးချယ်မှုကို ပကတိအများစု ရရှိခြင်း မရှိပါက ဆန္ဒမဲရရှိမှုနည်းသော ကိုယ်စားလှယ်လောင်းများကို ဖယ်ထုတ်ပြီး ၎င်းတို့၏ ဆန္ဒမဲများကို ဒုတိယ ဦးစားပေး ရွေးချယ်မှုအလိုက် ကိုယ်စားလှယ်တစ်ဦးမှ ပကတိအများစု ဆန္ဒမဲရရှိသည်အထိ ပြန်လည်ဝေငှပေးသည်။ ဆန္ဒမဲပေးသူများသည် ပါတီထက် ကိုယ်စားလှယ်လောင်းကို ရွေးချယ်ကြသည်။
            မဲဆန္ဒရှင်များသည် မဲပေးရာတွင် မဲပြားပေါ်တွင် မိမိတို့နှစ်သက်ရာ ကိုယ်စားလှယ်လောင်းကို ရွေးချယ်ရုံတင် မဟုတ်ဘဲ  ပထမဦးစားပေး၊ ဒုတိယဦးစားပေး နှင့် တတိယဦးစားပေး ရွေးချယ်ပေးရပါသည်။ မဲရေရာတွင် ဆန္ဒမဲ၏ ၅၀%ကျော်ရရှိပါက ရွေးကောက်တင်မြှောက်ခံရပါသည်။ သို့ရာတွင် မည်သည့် ကိုယ်စားလှယ်လောင်းမျှ ၅၀%ထက် ကျော်၍ မရရှိကြသောအခါ ပထမဦးစားပေး ဆန္ဒမဲ အနည်းဆုံးရရှိသော ကိုယ်စားလှယ်လောင်းကို ဖယ်ထုတ်၍ ၎င်း၏ ဆန္ဒမဲများကို ကျန်ကိုယ်စားလှယ်လောင်းများသို့ ခွဲဝေပေးပါသည်။ ခွဲဝေရာတွင် ဆန္ဒမဲအနည်းဆုံးရရှိသောကိုယ်စားလှယ်လောင်း၏ ဆန္ဒမဲပြားပေါ်မှ ဒုတိယဦးစားပေး ရွေးချယ်မှုအလိုက် ကျန်ကိုယ်စားလှယ်များကို ခွဲဝေပေးသည်။ ဤနည်းဖြင့် ကိုယ်စားလှယ်လောင်းတစ်ဦး ပကတိဆန္ဒမဲ (၅၀%ကျော်) ရရှိသည်အထိ ပြုလုပ်ပါသည်။ ထို့ကြောင့် AVစနစ်သည် ဆန္ဒမဲထက်ဝက်ကျော် ရရှိမှသာ အနိုင်ရသော Majoritarianစနစ် ဖြစ်ပါသည်။
            မဖြစ်မနေလိုအပ်သည် မဟုတ်သော်လည်း AVစနစ်တွင် မဲဆန္ဒရှင်များသည် မဲပြားပေါ်ရှိ ကိုယ်စားလှယ်လောင်းများကို အားလုံး သို့မဟုတ် အများစုကို ရွေးချယ်၍ ဂဏန်းသတ်မှတ်ပေးရန် လိုအပ်ပါသည်။ သို့မှသာ မဲရေတွက်ရာတွင် နောက်အဆင့်များတွင် မဲများ ဆုံးရှုံးခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။ သို့ရာတွင် မဲဆန္ဒရှင်များသည် ကိုယ်စားလှယ်လောင်းများကို အကြိုက်တူနေသည့်အခါ သို့မဟုတ် လုံးဝမကြိုက်သည့်အခါ ရွေးချယ်ရာတွင် အခက်အခဲရှိနိုင်ပါသည်။
အားသာချက်များ
(က)      ဆန္ဒမဲများကို လွှဲပြောင်းပေးနိုင်ခြင်း
()        ကိုယ်စားလှယ်များကြား စုစည်းမှုကို ဖြစ်စေနိုင်ခြင်း
()        ပါတီများကြား သဘောတူညီမှုကို တိုးလာစေခြင်း
()      လူနည်းစုနှင့် လူများစုများ သို့မဟုတ် လူမျိုးစုများကြား ညီညွတ်မှုကို ဖြစ်စေခြင်း
အားနည်းချက်များ
(က)      AVစနစ် အသုံးပြုရန် မဲဆန္ဒရှင်များအတွက် စာတတ်မြှောက်မှု မြင့်မားရန်လိုအပ်ပါသည်။
()        PRစနစ်နှင့် FPTPစနစ်တို့နှင့် ယှဉ်ပါက အချိုးမညီမှုကို ဖြစ်စေသည်။

နှစ်​​ကျော့ပြန်စနစ်(TRစနစ်-Two Round)
            The Two-Round System is a plurality/majority system in which a second election is held if no candidate or party achieves a given level of votes, most commonly an absolute majority (50 percent plus one), in the first election round. A Two-Round System may take a majority-plurality form—more than two candidates contest the second round and the one who wins the highest number of votes in the second round is elected, regardless of whether they have won an absolute majority—or a majority run-off form—only the top two candidates in the first round contest the second round.
            နှစ်ကျော့ပြန်စနစ်သည် သတ်မှတ်ထားသော ဆန္ဒမဲပမာဏတစ်ခုကို မည်သည့်ပါတီ သို့မဟုတ် ကိုယ်စားလှယ်လောင်း တစ်ဦးမျှ ရရှိခြင်း မရှိပါက ထပ်မံ၍ ဒုတိယအကြိမ်ရွေးကောက်ပွဲ ကျင်းပစေသော ဗဟု/အများစုစနစ်တစ်ခုဖြစ်ပါသည်။ သတ်မှတ်ထားသော ဆန္ဒမဲပမာဏသည် အများအားဖြင့် ပကတိဆန္ဒမဲ (၅၀%ကျော်)ကို သတ်မှတ်လေ့ရှိကြပါသည်။ ဒုတိယအကြိမ် ယှဉ်ပြိုင်မှုတွင် ဗဟု-အများစုပုံစံ (ကိုယ်စားလှယ်လောင်း နှစ်ဦးထက်ပို ပါဝင်ယှဉ်ပြိုင်ပြီး ဆန္ဒမဲအများဆုံး ရရှိသူကအနိုင်ရရှိသောပုံစံ) သို့မဟုတ် ရှုံးထွက်ပုံစံ(ပထမအကြိမ်ကျင်းပသော ရွေးကောက်ပွဲမှ ထိပ်ဆုံး ကိုယ်စားလှယ်လောင်း နှစ်ဦးသာ ပါဝင်ယှဉ်ပြိုင်ပြီး ဆန္ဒမဲအများဆုံး ရရှိသူက အနိုင်ရရှိသောပုံစံ) တစ်ခုခုကို အသုံးပြုပါသည်။
            နှစ်ကျော့ပြန်စနစ်၏ အဓိကလက္ခဏာရပ်မှာ ၎င်း၏အမည်အတိုင်းပင် ရွေးကောက်ပွဲကို နှစ်ကြိမ်ကျင်းပစေခြင်း ဖြစ်ပါသည်။ ပထမအကြိမ်ရွေးကောက်ပွဲကို FPTPစနစ်ကို အသုံးပြုကြပါသည်။ တစ်ဦးထက်ပိုသောကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်မည့် မဲဆန္ဒနယ်များတွင် BVစနစ် သို့ PBVစနစ်တို့ကိုလည်း အသုံးပြုကြပါသည်။ ပထမအကြိမ်တွင် သတ်မှတ်သော မဲပမာဏကို ရရှိပါက တခါတည်း ရွေးကောက်တင်မြှောက်ခံရပြီး ထိုသို့ ရရှိခြင်းမရှိပါက ဒုတိယအကြိမ် ရွေးကောက်ပွဲကို ဆက်လက်ကျင်းပပါသည်။ ဒုတိယအကြိမ်ကျင်းပမှုမှာ နိုင်ငံအလိုက် ကွဲပြားခြားနားပြီး အများအားဖြင့် ရှုံးထွက်စနစ်ကို အသုံးပြုကြပါသည်။
            TRSစနစ်ကို ပြင်သစ်နိုင်ငံတွင် အဓိက အသုံးပြုပြီး ပြင်သစ်၏ သြဇာလွှမ်းမိုးခြင်းခံရသော နိုင်ငံအများစုသည် TRSစနစ်ကို အသုံးပြုကြပါသည်။
အားသာချက်များ
(က)      နှစ်ကြိမ်မဲပေးနိုင်သည်။
()        ပါတီများအချင်းချင်း သို့မဟုတ် ကိုယ်စားလှယ်လောင်းအချင်းချင်း စုစည်းစေသည်။
()        မဲကွဲပြားမှုကို လျော့နည်းစေသည်။
()      အသုံးပြုရန် လွယ်ကူခြင်း
အားနည်းချက်များ
(က)      ကုန်ကျစရိတ်များပြားခြင်း
()        ဒုတိယအကြိမ်တွင် မဲပေးသူ နည်းလာစေခြင်း
()        တခါတရံ အချိုးမညီမှုများ ထွက်လာစေခြင်း
()      ညီညွတ်မှုမရှိသော နိုင်ငံအချို့တွင် ပထမအကြိမ် မဲရလာဘ်မှတစ်ဆင့် ဆူပူမှုများ ဖြစ်စေတတ်ခြင်း

စာရင်းလိုက်အချိုးကျကိုယ်စားပြုစနစ်(List PRစနစ်- List Proportional Representation)
Under a List Proportional Representation system each party or grouping presents a list of candidates for a multi-member electoral district, the voters vote for a party, and parties receive seats in proportion to their overall share of the vote. In some (closed list) systems the winning candidates are taken from the lists in order of their position on the lists. If the lists are ‘open’ or ‘free’ the voters can influence the order of the candidates by marking individual preferences.
List PR စနစ်အရ ပါတီ သို့မဟုတ် အစုအဖွဲ့တစ်ခုသည် ကိုယ်စားလှယ်တစ်ဦးထက်ပို၍ရွေးချယ်မည့် မဲဆန္ဒနယ် တစ်ခုအတွက် ကိုယ်စားလှယ်လောင်းစာရင်းတစ်ခုကို တင်ပြကြသည်။ မဲပေးသူများက ပါတီကို ရွေးချယ်မဲပေးကြပြီး ပါတီများသည် ဆန္ဒမဲရရှိမှု အချိုးအစားအတိုင်း အမတ်နေရာများကို ရရှိကြသည်။ အချို့စနစ်များတွင်(closed list) စာရင်းပေါ်ရှိ ၎င်းတို့၏ နေရာအလိုက် အစဉ်အတိုင်း ရွေးချယ်ကြသည်။ open list နှင့် free list တို့တွင် မဲဆန္ဒရှင်များက ၎င်းတို့စိတ်ကြိုက် ကိုယ်စားလှယ်ကို အစဉ်အတိုင်း ရွေးချယ်နိုင်ကြသည်။
PRစနစ်တွင် ဆန္ဒမဲများကို ရေတွက်ပြီးနောက် ပါတီအလိုက် အမတ်နေရာ ရရှိမှုကို သတ်မှတ်ရန်
1.     အမြင့်ဆုံးပျှမ်းမျှခြင်းနည်းလမ်း(Highest Average Method) နှင့်
2.     အကြီးဆုံးအကြွှင်းရခြင်းနည်းလမ်း(Largest Remainder Method) တို့အနက် တစ်ခုခုကို အသုံးပြုကြသည်။
PRစနစ်တွင် အမတ်နေရာသတ်မှတ်ရန်အတွက် ပါတီတစ်ခုသည် ဆန္ဒမဲ မည်မျှရာခိုင်နှုန်း အနည်းဆုံးရှိရမည်ဆိုသော သတ်မှတ်ချက်မှာလည်း အရေးကြီးပါသည်။ သတ်မှတ်ချက်ရာနှုန်းနိမ့်လွန်းပါက ပါတီငယ် အများအပြား ပါဝင်လာနိုင်ပြီး မြင့်လွန်းပါကလည်း ပါတီငယ်များ ပါဝင်လာစေရန် ခက်ခဲပါသည်။ သတ်မှတ်ချက်မှာ နိုင်ငံအလိုက် ကွဲပြားမှုရှိနိုင်ပါသည်။
ထို့ပြင် open list , closed list , free list များကလည်း ပါတီများအတွက် သာမက မဲပေးသူများအတွက်ပါ စဉ်းစားရမည့် အချက်များဖြစ်ပါသည်။
မဲဆန္ဒနယ်ပမာဏသည် အဆိုပါမဲဆန္ဒနယ်အတွင်း ကိုယ်စားလှယ်မည်မျှရွေးချယ်မည်ကို ဆုံးဖြတ်ပေးသဖြင့် ၎င်းသည်လည်း အရေးကြီးပါသည်။
အားသာချက်များ
(က)      ဆန္ဒမဲပမာဏကို မျှတစွာ ကိုယ်စားလှယ်များအဖြစ် ကူးပြောင်းပေးနိုင်ခြင်း
()        ပါတီစနစ် မခိုင်မာသေးသောနိုင်ငံများတွင် ရည်ရွယ်ချက်တူလူများ စုစည်း၍ အစုအဖွဲ့ငယ်များပေါ်ပေါက်စေရန် အားပေးခြင်း
()        အလဟဿဖြစ်သော ဆန္ဒမဲအရေအတွက် လျော့နည်းသွားသည်။ မဲပေးခြင်း၏တန်ဖိုးကို ပိုမိုနားလည်လာခြင်း
()      လူနည်းစုပါတီများနှင့် လူမျိုးစုများအတွက် ကိုယ်စားပြုခွင့် ရလာသည်။
()        ပါတီများအား ၎င်းတို့ အားကောင်းရာ ဒေသကို ကျော်၍ လှုပ်ရှားမှု ပြုစေသည်။
()        ဒေသတွင်းလွှမ်းမိုးမှုများကို ကန့်သတ်ပေးသည်။
()      မူဝါဒတည်ငြိမ်မှုနှင့် စဉ်ဆက်မပြတ် အားကောင်းလာစေမှုတို့ကို ဖြစ်စေသည်။
()        ပါတီများနှင့် အကျိုးမျှော်အုပ်စုများအကြား အာဏာခွဲဝေမှုကို ထင်သာမြင်သာရှိစေသည်။
(ဈ)       အမျိုးသမီးများ ပိုမို၍ ရွေးကောက်တင်မြှောက်ခံရရန် အခွင့်အလမ်းများသည်။
အားနည်းချက်များ
(က)      ညွှန့်ပေါင်းအစိုးရများ ဖြစ်ပေါ်စေခြင်း
()        ပါတီများ၏ တည်ငြိမ်မှုကို ပျက်ပြားစေခြင်း
()        အစွန်းရောက်ပါတီများ ကြီးထွားလာစေခြင်း
()      ပေါ်ပေါက်လာသော ညွှန့်ပေါင်းအစိုးရများသည် တာဝန်ယူမှု အားနည်းခြင်း
()        ပါတီငယ်များသည် အချိုးအစား မမျှတစွာ အာဏာပိုမို ရရှိလာစေခြင်း
()        ပါတီတစ်ခုအား အာဏာမှ ဖယ်ရှားရန် ခက်ခဲခြင်း
()      ရွေးကောက်ပွဲပြုလုပ်ရာတွင် မဲဆန္ဒရှင်များ နားလည်နိုင်ရန် ခက်ခဲခြင်း (ရွေးကောက်ပွဲကျင်းပရန် တာဝန်ယူရသော အဖွဲ့အစည်းအနေဖြင့် လူအင်အားနှင့် ဘဏ္ဍာငွေ ပိုမိုသုံးစွဲရခြင်း)
()        ရွေးကောက်ခံရသူကိုယ်စားလှယ်နှင့် မဲဆန္ဒရှင်များအကြား ဆက်နွယ်မှု အားနည်းစေသည်။
(ဈ)       List PR ရှိ closed list ပုံစံတွင် ပါတီရှိထိပ်တန်းခေါင်းဆောင်များကို အာဏာပိုမို ရှိစေသည်။
()      ပါတီမရှိသော သို့မဟုတ် ခိုင်မာမှုအားနည်းသော နိုင်ငံများတွင် စတင်ရန် ခက်ခဲသည်။

လွှဲပြောင်း၍ရသောတစ်မဲတည်ပေးစနစ်(STVစနစ်- Single Transferable Vote)
            The Single Transferable Vote is a preferential system in which the voter ranks the candidates in a multi-member district and the candidates that surpass a specified quota of first-preference votes are immediately elected. In successive counts, votes are redistributed from least successful candidates, who are eliminated, and votes surplus to the quota are redistributed from successful candidates, until sufficient candidates are declared elected. Voters normally vote for candidates rather than political parties, although a party-list option is possible.
            STVစနစ်ကို တစ်ဦးထက်ပိုသောကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်သော မဲဆန္ဒနယ်များတွင် အသုံးပြုပြီး မဲဆန္ဒရှင်များသည် ကိုယ်စားလှယ်လောင်းများကို အဆင့်များ သတ်မှတ်ပေးရပါသော ဦးစားပေးရွေးချယ်ရသည့်စနစ်တစ်ခုဖြစ်ပါသည်။ သတ်မှတ်ထားသော ပထမဦးစားပေးဆန္ဒမဲပမာဏကို ရရှိသည့် ကိုယ်စားလှယ်လောင်းသည် တစ်ခါတည်း ရွေးကောက်တင်မြှောက်ခံရပါသည်။ ထို့နောက် ဆန္ဒမဲဆက်လက်ရေတွက်ရာတွင် မဲအနည်းဆုံးရရှိသဖြင့် ထုတ်ပယ်ခံရသော ကိုယ်စားလှယ်လောင်းများ၏ ဆန္ဒမဲများနှင့် ရွေးကောက်တင်မြှောက်ခံရပြီး ကိုယ်စားလှယ်လောင်း၏ သတ်မှတ်ထားသော ပထမဦးစားပေးဆန္ဒမဲကို ကျော်လွန်သော မဲပမာဏတို့ကို ကျန်ကိုယ်စားလှယ်လောင်းများထံသို့ ဖြန့်ဝေပေးပါသည်။ ထို့နောက်လိုအပ်သော ကိုယ်စားလှယ်အရေအတွက် ပြည့်သည်အထိ လုပ်ဆောင်ပါသည်။ ပါတီများသည် အဆိုပြုစာရင်း တင်သွင်း၍ ရသော်လည်း မဲဆန္ဒရှင်များသည် ပါတီထက် ကိုယ်စားလှယ်လောင်းကို ရွေးချယ်ကြပါသည်။
            ဆန္ဒမဲများရေတွက်ပြီးသောအခါ သတ်မှတ်ထားသော ပထမဦးစားပေးဆန္ဒမဲပမာဏ- မဲခွဲတမ်းသတ်မှတ်ပါသည်။ ၎င်းမှာ အများအားဖြင့် Droop Quota ဖြစ်ပြီး အောက်ပါပုံသေနည်းဖြင့် တွက်ချက်ပါသည်။
မဲခွဲတမ်း = { ဆန္ဒမဲ / (အမတ်နေရာ+) } +
            ထို့နောက် ရေတွက်မှုများစတင်ပြုလုပ်၍ မဲရလာဒ်ကို ဆုံးဖြတ်ပါသည်။ ပထမဦးဆုံး ကိုယ်စားလှယ်လောင်းများ၏ ပထမဦးစားပေးဆန္ဒမဲပမာဏကို မည်မျှရှိသည်ကို ရေတွက်ပြီး ထိုပမာဏသည် မဲခွဲတမ်းနှင့် တူနေပါက သို့မဟုတ် မဲခွဲတမ်းထက် ပိုများပါက အဆိုပါ ကိုယ်စားလှယ်လောင်းသည် ချက်ချင်းရွေးကောက်တင်မြှောက်ပါသည်။ ဆက်လက်၍ရေတွက်ရာတွင် ရွေးကောက်ခံရသော ကိုယ်စားလှယ်၏ ပိုလျှံသောဆန္ဒမဲများကို ကျန်ကိုယ်စားလှယ်များထံ ၎င်းတို့ရရှိထားသော ဒုတိယဦးစားပေးဆန္ဒမဲပမာဏအတိုင်း ခွဲဝေပေးပါသည်။  မည်သည့်ကိုယ်စားလှယ်မျှ မဲခွဲတမ်းထက် ကျော်လွန်၍ မရရှိသောအခါ ပထမဦးစားပေးဆန္ဒမဲအရေအတွက် အနည်းဆုံးရရှိသော ကိုယ်စားလှယ်လောင်းအား ဖယ်ထုတ်ပြီး ၎င်း၏ဆန္ဒမဲများကို မဲပြားပေါ်ရှိ ဒုတိယနှင့် နောက်ပိုင်းဦးစားပေး အဆင့်အလိုက် ပြန်လည်ခွဲဝေပေးပါသည်။ ဤသို့ဖြင့် လိုအပ်သော ကိုယ်စားလှယ်အရေအတွက် ပြည့်သည်အထိ ဆက်လက်လုပ်ဆောင်သွားပါသည်။
အားသာချက်များ
(က)      FPTPစနစ်ရှိ အားသားချက်များကိုလည်း STVစနစ်တွင် တွေ့ရပါသည်။
()        ပါတီများအကြား မဲဖလှယ်၍ ရသဖြင့် ညှိနှိုင်းဖလှယ်မှု ရစေသည်။
()        တစ်သီးပုဂ္ဂလများ ပိုမိုရွေးကောက်ခံရနိုင်သည်။
အားနည်းချက်များ
(က)      FPTPစနစ်ရှိ အားနည်းချက်များကို တွေ့ရနိုင်ပါသည်။
()        စနစ်၏ မဲပေးမှုပုံစံမှာ စာတတ်မြှောက်မှုနှုန်း အတန်အသင့်ကောင်းရန် လိုအပ်ပါသည်။
()        မဲရေတွက်ပုံနည်းလမ်းအဆင့်ဆင့်မှာ သာမန်လူတစ်ဦး နားလည်ရန် ရှုပ်ထွေးလွန်းပါသည်။
()      တစ်ပါတီထဲမှ ကိုယ်စားလှယ်တစ်ဦးထက်ပို၍ ယှဉ်ပြိုင်နိုင်သဖြင့် ပါတီများပြိုကွဲမှုကို ဖြစ်စေပါသည်။ ထို့ပြင် ဆန္ဒမဲရရှိရန် တံစိုးလက်ဆောင်များပေးသော လက်သပ်မွေးနိုင်ငံရေး(Clientelistic politics)ကို ဖြစ်စေပါသည်။
()        ပါတီတစ်ခုလုံးအရ ဆန္ဒမဲရာခိုင်နှုန်းများများရရှိသော်လည်း STVစနစ်ကြောင့် ကိုယ်စားလှယ်နေရာရရှိမှု လျော့ကျသွားနိုင်ပါသည်။

အချိုးကျကိုယ်စားပြုစနစ်နှင့် ဆက်စပ်နေသော အချက်အလက်များ
မဲဆန္ဒနယ်ပမာဏ (District Magnitude)
            ဆန္ဒမဲများကို ရွေးကောက်ခံကိုယ်စားလှယ်များအဖြစ် အချိုးညီမျှတစွာ ပြောင်းလဲပေးရန်အတွက် မဲဆန္ဒနယ်ပမာဏသည် အရေးကြီးသော အချက်အလက်တစ်ခုဖြစ်ပါသည်။ မဲဆန္ဒနယ်ပမာဏဆိုသည်မှာ ၎င်း၏ အကျယ်အ၀န်းကို မဆိုလိုဘဲ အဆိုပါမဲဆန္ဒနယ်မှ ကိုယ်စားလှယ်မည်မျှ ရွေးချယ်မည်ဟူသော အချက်ပေါ်တွင် မူတည်နေပါသည်။ FPTPစနစ်ကဲ့သို့ ကိုယ်စားလှယ်တစ်ဦးတည်း ရွေးချယ်သော နေရာတွင် အရေးမပါသော်လည်း အခြား ကိုယ်စားလှယ်တစ်ဦးထက်ပို၍ ရွေးကောက်တင်မြှောက်သော မဲဆန္ဒနယ်ရှိစနစ်များတွင် ရွေးကောက်ခံကိုယ်စားလှယ် အရေအတွက်သည် ရွေးကောက်ပွဲရလာဒ်ကို အတိုင်းအတာတစ်ခုထိ အဆုံးအဖြတ်ပေးပါသည်။
            လေ့လာမှုများအရ မဲဆန္ဒနယ်ပမာဏကြီးမားပါက အချိုးညီမျှမှု ပိုရှိကြောင်းတွေ့ရပါသည်။ ဥပမာ - ကိုယ်စားလှယ်နှစ်ဦးသား ရွေးကောက်မည့် မဲဆန္ဒနယ်နှင့် ဆယ်ဦးရွေးကောက်မည့် မဲဆန္ဒနယ်တွင် ပါတီငယ်များအနေဖြင့် ကိုယ်စားလှယ် ဆယ်ဦးရွေးကောက်မည့်ပါတီတွင် ပိုမို၍ ရွေးကောက်ခံရနိုင်ချေ များပါသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်စားလှယ် ဆယ်ဦးရွေးကောက်မည့် မဲဆန္ဒနယ်တွင်မူ အဆိုပါပါတီ အနေဖြင့် လူထုထောက်ခံမှု ၁၀% ရရှိရုံဖြင့် ကိုယ်စားလှယ်တစ်ဦးရနိုင်ချေ ရှိသောကြောင့် ဖြစ်ပါသည်။ အကျိုးဆက် ပြဿနာမှာ မဲဆန္ဒနယ်ပမာဏ ကြီးမားစေရန် သတ်မှတ်ရာတွင် ပထ၀ီအနေအထားအရပါ မဲဆန္ဒနယ်သည် ကြီးမားသွားတတ်သဖြင့် ကိုယ်စားလှယ်များသည် အဆိုပါ မဲဆန္ဒနယ်ရှိ လူထုနှင့် ဆက်နွယ်မှု လျော့ကျလာစေပါသည်။ ဤအချက်သည် ဒေသခံလူထုက ကိုယ်စားလှယ်အား လွှတ်တော်တွင် မိမိတို့ကို ကိုယ်စားပြုလိုမှု ပြင်းထန်သော လူ့အဖွဲ့အစည်းတွင် ကြီးမားသော သက်ရောက်မှုကို ဖြစ်စေပါသည်။
            မဲဆန္ဒနယ်ပမာဏ သေးငယ်ပါကလည်း အချိုးကျကိုယ်စားပြုစနစ်၏ အဓိက အကျိုးတရားဖြစ်သော အားလုံးကို ကိုယ်စားပြုခြင်း ပျောက်ဆုံးသွားနိုင်ပါသည်။
            ထို့ကြောင့် သင့်တင့်လျောက်ပတ်သော မဲဆန္ဒနယ်ပမာဏ သတ်မှတ်ခြင်းမှာ အဆိုပါနိုင်ငံ၏ နောက်ခံအကြောင်းတရား၊ ပထ၀ီဆိုင်ရာအခြေအနေ၊ နေထိုင်သူလူမျိုးများနှင့် နိုင်ငံရေးပါတီတို့၏ ရပ်တည်ချက်ပေါ်တွင် မူတည်နေပါသည်။
            နိုင်ငံအတော်များများသည် မဲဆန္ဒနယ်များရေးဆွဲသတ်မှတ်ရာတွင် ရှိပြီးဖြစ်သော အုပ်ချုပ်ရေးဆိုင်ရာ နယ်နိမိတ်များအတိုင်း သတ်မှတ်ကြပါသည်။ ထိုသို့ပြုလုပ်ရာမှ အရွယ်အစားနှင့် လူဦးရေးအချိုးအစား ကွာခြားမှုများ ဖြစ်စေသော်လည်း ရွေးကောက်ပွဲကျင်းပပေးသော အဖွဲ့အစည်းအတွက်မူ ရှိရင်းစွဲနယ်နိမိတ်များဖြစ်သည့်အတွက် လွယ်ကူစေပါသည်။
            မဲဆန္ဒနယ်ပမာဏနှင့် ဆက်စပ်၍ ပါတီပမာဏ( Party magnitude- မဲဆန္ဒနယ်တစ်ခုတွင် ရွေးကောက်တင်မြှောက် ခံရသော ပျမ်းမျှကိုယ်စားလှယ်လောင်း အရေအတွက်)မှာလည်း ကိုယ်စားပြုမှုအတွက် အရေးပါပါသည်။ ကိုယ်စားလှယ်တစ်ဦးသာ ရွေးကောက်သော မဲဆန္ဒနယ်တွင် အများအားဖြင့် ပါတီတစ်ခုမှ အမျိုးသားတစ်ဦးသာ ဖြစ်နိုင်သော်လည်း ကိုယ်စားလှယ်အများအပြား ရွေးကောက်တင်မြှောက်သော မဲဆန္ဒနယ်များတွင်မူ ကိုယ်စားလှယ်များသည် အမျိုးသားသာမက အမျိုးသမီးများလည်းဖြစ်နိုင်ပြီး ပါတီငယ်များ၊ လူမျိုးစုငယ်များနှင့် လူနည်းစုကို ကိုယ်စားပြုသူများလည်း ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် မဲဆန္ဒနယ်ပမာဏကြီးမားလာပါက ဆက်စပ်၍ ပါတီပမာဏလည်း မြင့်တက်လာနိုင်ပါသည်။

ထောက်ခံမဲအနိမ့်ဆုံး အဆင့်သတ်မှတ်ချက် (Threshold)
            ထောက်ခံမဲအနိမ့်ဆုံး အဆင့်သတ်မှတ်ချက်ဆိုသည်မှာ ပါတီတစ်ခုသည် ရွေးကောက်ပွဲတွင် လူထုထောက်ခံမှုကို မည်မျှသော ရာခိုင်နှုန်း အနိမ့်ဆုံးရရှိမှသာ လွှတ်တော်တွင် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ရာတွင် ကိုယ်စားပြုခွင့်ရမည်ဟု သတ်မှတ်ချက်ဖြစ်သည်။ ၎င်းသည် တရားဝင်သတ်မှတ်ချက်ဖြင့် ဖြစ်စေ၊ သချာင်္နည်းအရ သဘာဝကျစွာ ( ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ အချက်အလက်များအရ) တွက်ချက်ထားသည်ဖြစ်စေ ဖြစ်နိုင်ပါသည်။
            သို့ရာတွင် အနိမ့်ဆုံးအဆင့် သတ်မှတ်ချက်မြင့်မားပါက သတ်မှတ်ချက်နှင့် မကိုက်ညီသော ပါတီများ များလာနိုင်ပြီး အဆိုပါ ပါတီများသို့ ပေးသော မဲများမှာ အလဟဿ ဖြစ်သွားနိုင်ပါသည်။
            ထို့ပြင် အဆိုပါသတ်မှတ်ချက်ကို သချာင်္နည်းအရ တွက်ထုတ်ရာတွင် ၎င်းသည် မဲဆန္ဒနယ်ပမာဏနှင့် ဆက်နွယ်နေပါသည်။ မဲဆန္ဒနယ်ပမာဏကြီးပါက သတ်မှတ်ချက် နည်းနိုင်ပြီး မဲဆန္ဒနယ်ပမာဏသေးပါက သတ်မှတ်ချက် မြင့်မားနိုင်ပါသည်။
စာရင်းဖွင့် (Open list ) စာရင်းပိတ် (Closed lsit ) နှင့် စာရင်းလွတ် (Free list) များ
            List PRစနစ်တွင် ပါတီများသည် ကိုယ်စားလှယ်စာရင်းများကို အဆိုပြုတင်ပြကြရာ ပါတီများအတွက် တင်သွင်းမှုပုံစံ ()မျိုးရှိပါသည်။ ၎င်းတို့မှာ စာရင်းဖွင့်၊ စာရင်းပိတ်နှင့် စာရင်းလွတ်တို့ ဖြစ်ပါသည်။
            အသုံးအများဆုံးမှာ စာရင်းပိတ်ပုံစံဖြစ်ပြီး ကိုယ်စားလှယ်များကို ပါတီများက ရွေးချယ်ပေးထားပါသည်။ မဲဆန္ဒရှင်များအနေဖြင့် ရွေးချယ်ခွင့် မရှိပါ။
            စာရင်းဖွင့်ပုံစံတွင်မူ မဲဆန္ဒရှင်များသည် ဆန္ဒမဲပေးရာတွင် ပါတီကိုသာမက မိမိတို့နှစ်သက်သော ကိုယ်စားလှယ်ကိုပါ ရွေးချယ်နိုင်စေရန် ပြုလုပ်ပေးထားခြင်း ဖြစ်ပါသည်။
            စာရင်းဖွင့်ပုံစံမှ ဖြစ်လာသော ကသောင်းကနင်းဖြစ်မှုများကို ပြင်ဆင်နိုင်ရန် အချို့က Panachage (ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများကို ပါတီမတူသော်လည်း မဲပေးပိုင်ခွင့်) နှင့် Cumulation (ပို၍သဘောကျသော ကိုယ်စားလှယ်လောင်းကို တစ်မဲထက်ပိုပေးခွင့်) ကဲ့သို့ ဖြည့်စွက်ချက်များကိုလည်း မဲဆန္ဒရှင်များကို ပေးအပ်ကြပါသည်။ ၎င်းကို စာရင်းလွတ်ပုံစံဟုခေါ်ပါသည်။
သီးခြားဆောင်ရွက်၍ အကျိုးတူပူးပေါင်းခြင်း (Apparentement or Stembusaccord)
            Threshold အဆင့် မြင့်မားခြင်းကြောင့် အချို့ပါတီငယ်များသည် ကိုယ်စားပြုခွင့်ဆုံးရှုံးကြရာ ပါတီငယ်များ စုစည်း၍ အဖွဲ့တစ်ခုအနေဖြင့် ပြုလုပ်ကြပြီး ၎င်းတို့သည် သီးခြားဆောင်ရွက်သော်လည်း မဲရေတွက်မှုကိုမူ စုစည်း၍ ထားခြင်းဖြစ်ပါသည်။ ထိုအခါ ၎င်းတို့သည် အနိမ့်ဆုံးသတ်မှတ်ချက်ကို ကျော်လွန်နိုင်ပြီး လွှတ်တော်တွင် သတ်မှတ်ထားသော အပိုဆောင်း ကိုယ်စားလှယ်နေရာများကို ရရှိကြပါသည်။
စနစ်ရောများ
            စနစ်ရောများသည် ဗဟု/အများစုစနစ်(သို့မဟုတ်အခြား)နှင့် အချိုးကျ ကိုယ်စားပြုစနစ်မှ ကောင်းမွန်သော အခြေအနေများကို ပေါင်းစပ်ရန် ကြိုးပမ်းထားခြင်းဖြစ်ပါသည်။ စနစ်ရောတစ်ခုတွင် မတူညီသော ရွေးကောက်ပွဲပုံစံနှစ်ခုပါဝင်ပြီး မဲဆန္ဒရှင်များ ပေးလိုက်သည့် ဆန္ဒမဲများကို ခွဲဝေရာတွင် အဆိုပါ စနစ်နှစ်ခုလုံးကို အသုံးပြုခြင်းဖြစ်ပါသည်။

ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ်(MMPစနစ်- Mixed Member Proportional)
            Mixed Member Proportional is a mixed system in which the choices expressed by the voters are used to elect representatives through two different systems—one List PR system and (usually) one plurality/majority system—where the List PR system compensates for the disproportionality in the results from the plurality/majority system.
            ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ်သည် မဲဆန္ဒရှင်များ၏ မဲများကို မတူညီသော စနစ်နှစ်ခုဖြင့် ဆုံးဖြတ်သော စနစ်ရောတစ်ခုဖြစ်ပြီး အများအားဖြင့် ဗဟု/အများစုစနစ်နှင့် List PRစနစ်တို့ကို အသုံးပြုကြပါသည်။ ဗဟု/အများစုစနစ်မှ ဖြစ်ပေါ်လာသော အချိုးမညီမျှမှုများကို List PRစနစ်မှ ပြန်လည်အစားထိုးပေးခြင်း ဖြစ်ပါသည်။
            ဆန္ဒမဲပေးရာတွင် ပါတီတစ်ခုသည် တစ်နိုင်ငံလုံး (သို့မဟုတ် သတ်မှတ်ရာ မဲဆန္ဒနယ်တစ်ခု)တွင် ဆန္ဒမဲစုစုပေါင်း၏ ရာခိုင်နှုန်းတစ်ခုကို ရရှိသော်လည်း ကိုယ်စားလှယ်နေရာမရရှိသောအခါဖြစ်စေ၊ ရရှိမှုအချိုးအစား ညီမျှမှုမရှိသောအခါဖြစ်စေ List PRစနစ်ဖြင့် အဆိုပါ အချိုးမညီမှုကို ဖြေရှင်းပေးခြင်းဖြစ်ပါသည်။

အားသာချက်များ
(က)      အချိုးညီမျှမှုကို ရရှိစေသည်။
()        ရွေးကောက်ခံကိုယ်စားလှယ်အများစုသည် မဲဆန္ဒနယ်နှင့် ဆက်နွယ်မှုရှိကြသည်။

အားနည်းချက်များ
(က)      ကိုယ်စားလှယ်အမျိုးအစားနှစ်မျိုးကို ပေါ်ပေါက်လာစေသည်။
()        Strategic voting ဟုခေါ်သော မူမမှန်မှုဖြစ်တတ်ပြီး အချို့သည်မဲရလာဒ်ကို ကြိုတင်တွက်ချက်ကာ မဲဆန္ဒရှင်များအား ဆွဲဆောင်ကြခြင်း

ပူးတွဲစင်ပြိုင်စနစ်(Parallelစနစ်- Parallel System)
          A Parallel System is a mixed system in which the choices expressed by the voters are used to elect representatives through two different systems—one List PR system and (usually) one plurality/majority system—but where no account is taken of the seats allocated under the first system in calculating the results in the second system.
            ပူးတွဲစင်ပြိုင်စနစ်သည် မဲဆန္ဒရှင်များ၏ မဲများကို မတူညီသော စနစ်နှစ်ခုဖြင့် ဆုံးဖြတ်သော စနစ်ရောတစ်ခုဖြစ်ပြီး အများအားဖြင့် ဗဟု/အများစုစနစ်နှင့် List PRစနစ်တို့ကို အသုံးပြုကြပါသည်။ သို့သော် ဗဟု/အများစုစနစ်၏ မဲရလာဒ်သည် List PRစနစ်ဖြင့် ခွဲဝေပေးသော အမတ်နေရာများနှင့် ဆက်စပ်ခြင်း မရှိပေ။
            Parallelစနစ်သည် MMPစနစ် ကဲ့သို့ပင် စနစ်နှစ်ခုကို အသုံးပြုသော်လည်း ၎င်းတွင်မူ MMPစနစ်ကဲ့သို့ ဗဟု/အများစုစနစ်၏ အချိုးမညီမှုများကို List PRစနစ်ဖြင့် အစားထိုးပေးခြင်းမဟုတ်ပေ။ Parallel စနစ်တွင် မဲဆန္ဒရှင်များသည် အများအားဖြင့် မဲနှစ်ခုရရှိကြပါသည်။
အားသာချက်များ
(က)      List PRအတွက်အမတ်နေရာလုံလောက်ပါက ဗဟု/အများစုစနစ်တွင်အနိုင်မရသောပါတီများသည်နေရာ ရရှိစေသည်။
()        သီအိုရီအရ Parallelစနစ်သည် အခြား PRစနစ်များလောက် ပါတီကို ကွဲပြားမှု မဖြစ်စေပါ။

အားနည်းချက်များ
(က)      ကိုယ်စားလှယ်နှစ်မျိုး ပေါ်လာစေသည်။
()        အချိုးညီမျှမှုမှာ ပုံမှန်မရှိဘဲ ကျပန်းဖြစ်တတ်သည်။

အခြားစနစ်များ
လွှဲပြောင်း၍မရသောတစ်မဲတည်ပေးစနစ်(SNTVစနစ်- Single Non-transferable Vote)
          Under the Single Non-Transferable Vote system voters cast a single vote in a multi-member district. The candidates with the highest vote totals are declared elected. Voters vote for candidates rather than political parties.
            SNTVစနစ်တွင် မဲဆန္ဒရှင်များသည် ကိုယ်စားလှယ်တစ်ဦးထက်ပို၍ရွေးကောက်တင်မြှောက်သော မဲဆန္ဒနယ်တွင် မဲတစ်မဲသာ ပေးကြရပါသည်။ ဆန္ဒမဲအများဆုံးရရှိသော ကိုယ်စားလှယ်သည် ရွေးကောက်တင်မြှောက်ခံရပြီး မဲဆန္ဒရှင်များသည် ပါတီထက် ကိုယ်စားလှယ်ကို မဲပေးကြပါသည်။
            မဲဆန္ဒရှင်များသည် မဲတစ်မဲသာပေးကြရသော်လည်း မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်တစ်ဦးထက်ပို၍ ရှိနေခြင်းဖြစ်ပါသည်။ ၎င်းသည် နိုင်ငံရေးပါတီများအပေါ် စိန်ခေါ်မှုတစ်ခုလည်းဖြစ်ပါသည်။ ပါတီတစ်ခုအနေဖြင့် လူထုထောက်ခံမှုမြင့်လာသည် နှင့်အမျှ ၎င်းနှင့်အတူ ကိုယ်စားလှယ်နေရာပိုရလာမည် ဖြစ်ပါသည်။

အားသာချက်များ
(က)      ပါတီငယ်များနှင့် လူနည်းစုအဖွဲ့အစည်းများအတွက် အဆင်ပြေခြင်း
()        ပါတီများ၏ မဲဆန္ဒရှင်များအား စည်းလုံးမှု ပိုမိုမြင့်တက်လာစေခြင်း
()        နားလည်ရလွယ်ကူခြင်း

အားနည်းချက်များ
(က)      ဆန္ဒမဲများ ပြန့်ကျဲနေသော ပါတီငယ်များ အနိုင်ရရန် ခက်ခဲခြင်း
()        ပါတီတစ်ခုတည်းမှ တစ်ယောက်ထက်ပို၍ ယှဉ်ပြိုင်နိုင်သဖြင့် ပါတီတွင်းပြိုင်ဆိုင်မှု ပြင်းထန်လာစေခြင်း (၎င်းသည် တခါတရံ ပါတီကို ပြိုကွဲစေတတ်ပြီး လက်သပ်မွေးနိုင်ငံရေးကိုလည်း ဖြစ်စေပါသည်။)
()        ပါတီများအနေဖြင့် ကိုယ်စားလှယ်လောင်းတင်သွင်းရာတွင် ခက်ခဲမှုရှိခြင်း
()      ခိုင်မာသော အရေအတွက်ရရှိထားသော ပါတီကြီးများအတွက် လူထုထောက်ခံမှု ထပ်မံ၍ မလိုအပ်ခြင်း
()        အလဟဿဖြစ်သွားသော ဆန္ဒမဲများလာစေခြင်း

ကန့်သတ်ထားသောမဲပေးစနစ်(LVစနစ်- Limited Vote)
Limited Vote is a candidate-centred electoral system used in multi-member districts in which electors have more than one vote, but fewer votes than there are candidates to be elected. The candidates with the highest vote totals win the seats.
LVစနစ်သည် ကိုယ်စားလှယ်တစ်ဦးထက်ပို၍ ရွေးကော်တင်မြှောက်သော မဲဆန္ဒနယ်များတွင် အသုံးပြုသော ကိုယ်စားလှယ်ဗဟိုပြု စနစ်တစ်ခုဖြစ်ပါသည်။ မဲဆန္ဒရှင်များသည် မဲတစ်မဲထက် ပိုပေးနိုင်သော်လည်း ဆန္ဒမဲအရေအတွက်သည် ရွေးကော်တင်မြှောက်မည့် ကိုယ်စားလှယ် အရေအတွက်အောက် လျော့နည်းပါသည်။ ဆန္ဒမဲအများဆုံးရသော ကိုယ်စားလှယ်လောင်းသာ အနိုင်ရရှိပါသည်။

အားသာချက်များ
(က)      မဲဆန္ဒရှင်များအတွက် နားလည်လွယ်ခြင်း
()        မဲရေတွက်ရာတွင် လွယ်ကူခြင်း

အားနည်းချက်များ
(က)      မဲရလာဒ်များမှာ အချိုးညီမျှမှုမရှိ
()        ပါတီတွင်းပြိုင်ဆိုင်မှု ပြင်းထန်လာစေခြင်း (ပါတီတွင်းစီမံခန့်ခွဲမှုများတွင် အငြင်းပွားစရာများ ဖြစ်စေပြီး လက်သပ်မွေး နိုင်ငံရေးကိုလည်း ဖြစ်စေပါသည်။)

Borda Count စနစ်(BCစနစ်- Borda Count)
          Borda Count – A candidate-centred preferential system used in either single- or multi-member districts in which voters use numbers to mark their preferences on the ballot paper and each preference marked is then assigned a value using equal steps. These are summed and the candidate(s) with the highest total(s) is/are declared elected.
            BCစနစ်သည် ကိုယ်စားလှယ်တစ်ဦးတည်း သို့မဟုတ် ကိုယ်စားလှယ်တစ်ဦးထက်ပို၍ ရွေးကော်တင်မြှောက်သော မဲဆန္ဒနယ်များတွင် အသုံးပြုသော ကိုယ်စားလှယ် ဗဟိုပြု ဦးစားပေးစနစ်တစ်ခုဖြစ်ပါသည်။ မဲဆန္ဒရှင်များသည် မဲပြားပေါ်တွင် ၎င်းတို့၏ ဦးစားပေးရွေးချယ်မှုကို ကိန်းဂဏန်းများကို အသုံးပြု၍ ရေးသားရပါသည်။ အဆိုပါ ရွေးချယ်မှုတစ်ခုချင်းကို တန်ဖိုးတစ်ခု သတ်မှတ်၍ ပေါင်းခြင်းအများဆုံးရရှိသော ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ကြေငြာပါသည်။
            AVစနစ်နှင့် မဲပေ့းပုံ ဆင်တူပါသည်။ သိုသော် မဲရေတွက်မှုကို တစ်ကြိမ်သာပြုလုပ်ပြီး ကိုယ်စားလှယ်များကို ဖယ်ထုတ်ခြင်း မရှိပေ။ ရေတွက်ရာတွင် ဦးစားပေးအဆင့်များကို အပိုင်းကိန်များအဖြစ် ပြောင်း၍ ရေတွက်ပါသည်။
            အဆိုပါစနစ်ကို ပစိဖိတ်ကျွန်းနိုင်ငံတစ်ခုဖြစ်သော နော်ရူးတွင် အသုံးပြုလျက်ရှိပါသည်။
ယခုအကြောင်းအရာများကို Intenational IDEA အဖွဲ့မှ ထုတ်ဝေသော Electoral System Design: The New International IDEA Handbook စာအုပ်မှ ကောက်နှုတ်တင်ပြပါသည်။

No comments:

Post a Comment