Showing posts with label သန်းခေါင်စာရင်းဆိုင်ရာ. Show all posts
Showing posts with label သန်းခေါင်စာရင်းဆိုင်ရာ. Show all posts

Saturday, October 15, 2016

သန်းခေါင်စာရင်း

သန်းခေါင်စာရင်း

တိုင်းပြည်အတွင်း မှီတင်းနေထိုင်ကြသောလူဦးရေအားလုံးကို တစ်ယောက်စီ တစ်ယောက်စီ၏ အသက်၊ လူမျိုး၊ ကိုးကွယ်သည့်အယူဝါဒ၊ ယောက်ျား၊ မိန်းမ၊ အလုပ်အကိုင်မှအစ တစ်ယောက်စီ တစ်ယောက်စီနှင့်သက်ဆိုင်သမျှအကြောင်းအရာ အစုံအလင်မှတ်သားထားသောစာရင်းကိုသန်းခေါင်စာရင်းဟုခေါ်၏။ တစ်နည်းအားဖြင့်သန်းခေါင်စာရင်းကို လူဦးရေစာရင်းဟုဆိုနိုင်၏။ သန်းခေါင်စာရင်းကောက်ယူရေး ဝန်ထမ်းတို့ကအိမ်များတွင်လူစုံရှိတတ်သည့်ညဉ့်အချိန်များ၌ တစ်အိမ်တက်ဆင်းလှည့်လည်ကောက် ယူခဲ့သောကြောင့် သန်းခေါင်စာရင်းဟုခေါ်တွင်ခဲ့ဟန်တူသည်။ သို့ရာတွင် သန်းခေါင်စာရင်းကောက်ယူခြင်းမှာ တဖြည်းဖြည်းတိုးတက်ကောင်းမွန်၍ လွယ်ကူမှုရှိလာသောကြောင့် ညဉ့်အချိန် တစ်အိမ် တက်ဆင်းလှည့် လည်ကောက်ယူသောစံနစ် မရှိတော့သလောက်ဖြစ်နေပေပြီ။ ယခုအခါတွင် သန်းခေါင်စာရင်းကောက်ယူ ရန်အတွက်ခန့်ထားသော ဝန်ထမ်းများသည် သက်ဆိုင်ရာ ကျေးရွာနယ်မြေများသို့ သွားရောက်ကာဆိုင်ရာ ရွာသူကြီးအကူအညီဖြင့် သန်းခေါင်စာရင်းကိုညွှန်ကြားချက်အတိုင်းကောက်ယူမှတ်သားကြရသည်။ အိမ်တိုင်းအိမ်တိုင်းသို့ မိမိတို့၏ အမည်၊ အသက်၊ လူမျိုး၊ ကိုးကွယ်သည့်အယူဝါဒ၊ယောက်ျား၊ မိန်မ အလုပ်အကိုင်မှအစ တစ်ယောက်စီ တစ်ယောက်စီနှင့်သက်ဆိုင်သမျှအကြောင်းအရာအစုံအလင်ကို ဖြေဆိုရန် မေးခွန်းပုံစံစာ ရွက်များဝေငှ၍ နေထိုင်သူတို့ကထိုပုံစံများကိုဖြည့်သွင်းပေးကြရသည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေ
နှင့် 
အိမ်အကြောင်းအရာ သန်းခေါင်စာရင်း
အစီရင်ခံစာများ စုစည်းမှု

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၀ ရက်ကြာ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကောက်ခံခဲ့သည်။

ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း ၁

ပြည်တွင်းသောင်းကျန်းမှုသမိုင်း၁ Ref မြန်မာဝီကီပီးဒီးယား မြန်မာနိုင်ငံ၏ပြည်တွင်းပဋိပက္ခများ (ပြည်တွင်းသောင်းကျန်းမှု) ဆိုသည်မှာ ၁၉၄၈ ခုနှစ်တွ...