Monday, October 24, 2016

စာရေးဆရာ ချစ်ဦးညို

ချစ်ဦးညို

ဆရာ ချစ်ဦးညိုကို အဖ ဦးရွှေဒေါင်းညို၊ အမိ ဒေါ်စိန်ရင် တို့မှ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် မန္တလေးမြို့၌ မွေးဖွား ခဲ့သည်။ အမည်ရင်း ကျော်စွာ ဖြစ်ပြီး၊ မွေးချင်း (၇) ယောက် အနက် အကြီးဆုံး ဖြစ်သည်။ ၁၉၅၂ ခုနှစ်တွင် မန္တလေးမြို့ နန်းတော်ရှေ့၊ မတ္တရာတိုက် မူလတန်းကျောင်းတွင် ပညာ ဆည်းပူးခဲ့ပြီး ၁၉၅၆တွင် မန္တလေးမြို့ ဝက်စလီကျောင်းနှင့် ဘီဘီအိုအေကျောင်းများ၌ အလယ်တန်း တက်ရောက်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် မန္တလေးမြို့ မန္တလေးအထက(၁)မှ ဆယ်တန်း အောင်မြင်သည်။ ၁၉၆၂ ခုနှစ်တွင် မန္တလေးမြို့ တက္ကသိုလ်၌ ဥပစာ ဝိဇ္ဇာ (က) တန်း တက်ရောက်သည်။ ၁၉၆၃-၆၈တွင် ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၌ ဒဿနိကဗေဒ အဓိကဖြင့် တက်ရောက်ပြီး ၁၉၆၈တွင် ဂုဏ်ထူးသုံးဘာသာဖြင့် ဝိဇ္ဇာဘွဲ့ရခဲ့သည်။ မဟာဝိဇ္ဇာ ဆက်လက်တက်ရောက်ခဲ့သည်။

၁၉၇ဝမှစ၍ လုပ်သားများကောလိပ်၊ စစ်တွေကောလိပ်၊ဗဟိုသမဝါယမသင်တန်းကျောင်းတို့တွင် နည်းပြဆရာအဖြစ် အမှုထမ်းခဲ့ကာ ၁၉၇၅တွင် အမှုထမ်းဘဝကို စွန့်လွှတ်ပြီးနောက် ဇာတ်အဖွဲ့ ဇာတ်ညွှန်းနှင့် ဒါရိုက်တာ၊ ကျူရှင်ဆရာ အဖြစ် ကျင်လည်ခဲ့သည်။ ၁၉၇ဝ ပြည့်နှစ် မိုးဝေ စာပေ မဂ္ဂဇင်း အောက်တိုဘာလ ထုတ်တွင် ပထမဆုံး ပုံနှိပ် စာမူ ဖြစ်သော ရန်ကုန်မြို့ အလယ် ဝတ္ထု တိုဖြင့် စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။ မိုးဝေစာပေမဂ္ဂဇင်းနှင့် ရှုမဝရုပ်စုံမဂ္ဂဇင်းများတွင် ဝတ္ထု၊ ဆောင်းပါး၊ဘာသာပြန်များ ရေးသားခဲ့သည်။ ပထမဆုံး လုံးချင်းဝတ္ထုမှာ လင်္ကာဒီပချစ်သူ (၁၉၇၇) ဖြစ်ပြီး သူ၏ အထင်ရှားဆုံးဝတ္ထုလည်း ဖြစ်သည်။ သူ၏ အခြားထင်ရှားသော ဝတ္ထုများမှာ အောက်ပါအတိုင်း ဖြစ်သည်။

    ချစ်သောပါဒဧကရီ (၁၉၇၉)
    နှင်းကေသရာချစ်တဲ့သူရဲကောင်း (၁၉၇၉)
    'သုဝဏ္ဏဘုမ္မိဝေဒနာ (၁၉၈ဝ)
    ခုနှစ်အိမ်တန်းက မဂျမ်းဘုံ (၁၉၈၁)
    တိမ်တိမ်တွေဖုံးပါလို့ အုန်းခြိမ့်ခြိမ့်ညံ(၁၉၈၁)
    ရွှေတိုက်စိုး (၁၉၈၆)
    ရတနာဂီရိအကျဉ်းသား (၁၉၈၉)
    မဏိစန္ဒာဥဒါန်း (၁၉၉၁)
    ဘဒ္ဒါ (၁၉၉၃)
    ရာဇကုမာရ (၁၉၉၃)
    ရှင်စောပု (၁၉၉၆)
    လောကဓံနှင့် လမ်းလျှောက်အတူထွက်ခြင်း (၁၉၉၉)
    သမိုင်းမတွင်ပေမယ့် သမိုင်းဝင်နေမယ့်စကားများ(၁၉၉၉)

၁၉၇၇ ခုနှစ်တွင် ပထမဆုံး လုံးချင်း ဝတ္ထု လင်္ကာဒီပချစ်သူကို ထုတ်ဝေ ခဲ့သည်။ ၁၉၉၉ ခုနှစ် ဇန်နဝါရီလမှစ၍ ရန်ကုန်ယဉ်ကျေးမှုတက္ကသိုလ် ဇာတ်သဘင်ပညာဌာန အကြံပေးပုဂ္ဂိုလ် အဖြစ် ဆောင်ရွက် ခဲ့သည်။ ချစ်ဦးညိုသည် စာပေရေးသားရင်း သဘင်မဂ္ဂဇင်း စာတည်းချုပ်(၁၉၈၃-၁၉၈၈)နှင့် ရွှေပြည်တန်ဂျာနယ် စာတည်းချုပ်(၁၉၉၉-၂ဝဝဝ) အဖြစ်လုပ်ခဲ့သည်။ ၁၉၉၇တွင် တက္ကသိုလ်ဘုန်းနိုင်၏ 'သူ့ကျွန်မခံပြီ' ဝတ္ထုကို ရုပ်ရှင်ရိုက်ကူးရာ၌ ဇာတ်ညွှန်းနှင့် အနုပညာဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည်။ ဆရာချစ်ဦးညိုသည် စန္ဒာဦးယဉ်ကျေးမှုကဇာတ်အဖွဲ့ကိုဦးဆောင်ခဲ့ပြီး ဆရာပါရဂူရဲ့ အမ္ပပါလီ၊ စိတ္တရလေခါဇာတ်များကို ဇာတ်ညွှန်းရေး ဒါရိုက်တာလုပ်ကာ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ခဲ့သည်။ ဆို၊က၊ရေး၊တီးပြိုင်ပွဲ၊ ဇာတ်သဘင်ပြိုင်ပွဲတွင် အကဲဖြတ်အဖွဲ့ခေါင်းဆောင်အဖြစ် လုပ်ဆောင်ခဲ့သည်။ ၁၉၉၈-၂ဝဝ၂ နှစ်များအတွင်းတွင် စင်ကာပူ၊ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ မလေးရှားနှင့် အမေရိကန်နိုင်ငံများသို့ စာပေနှင့်ယဉ်ကျေးမှု အနုပညာဆိုင်ရာ လုပ်ငန်းများအတွက် သွားရောက်ခဲ့သည်။

၁၉၉၉ ခုနှစ် ဧပြီလ၊ မေလ များတွင် အိန္ဒိယ နိုင်ငံသို့ မြန်မာ ရာမာယဏ ဇာတ်အဖွဲ့ အကြံပေး ပုဂ္ဂိုလ် အဖြစ် သွားရောက် ခဲ့သည်။ တစ်ဖန် ၂ဝဝဝ ပြည့်နှစ် မေလတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ၂ဝဝဝ ပြည့်နှစ် ပီကင်းပွဲတော်သို့ မြန်မာ ယဉ်ကျေးမှု ကဇာတ် အဖွဲ့ အကြံပေး ပုဂ္ဂိုလ် အဖြစ် သွားရောက် ခဲ့သည်။ ထိုနှစ် နိုဝင်ဘာတွင် ယိုးဒယားနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ်၏ ဖိတ်ကြားချက် အရ ဗန်ကောက်မြို့ ယင်းတက္ကသိုလ် စာပေ အနုပညာ ဌာနတွင် မြန်မာ ရာမာယဏ စာတမ်း တင်သွင်း ခဲ့သည်။ ၂ဝဝ၁ ခုနှစ် စက်တင်ဘာလတွင် အမေရိန်ကန်ပြည်ထောင်စု မြောက်အီလီနွိုက် တက္ကသိုလ်၌ ကျင်းပသည့် နိုင်ငံတကာ ရာမာယဏ ကွန်ဖရင့်သို့ တက်ရောက်ပြီး မြန်မာ ရာမာယဏ စာတမ်း(the role of yamaryana in myanmar society) တင်သွင်း ဖတ်ကြား ခဲ့သည်။ ၂ဝဝ၂ ခုနှစ် အမေရိန်ကန်ပြည်ထောင်စု အိုဟိုင်းဝါတက္ကသိုလ်က ကျင်းပသော International Writing Program ကိုတက်ရောက်ခဲ့သည်။

ယခုတိုင် စာပေရေးသားခြင်း၊ ဇာတ်ညွှန်းရေးသားခြင်း လုပ်ငန်းများအပြင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံ့းမှာ ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် ပညာရေးအဖွဲ့ဝင်၊ ပြင်ပစာစစ်မှူးနှင့် ဇာတ်သဘင်ပညာဌာန အကြံပေးအဖြစ်လည်း တာဝန်ထမ်း ဆောင်လျက်ရှိသည်။

စာရေးသက် ၄၂နှစ်အတွင်း ဗုဒ္ဓယဉ်ကျေးမှုနောက်ခံဝတ္ထု ၁၆ အုပ်၊ သမိုင်းနောက်ခံဝတ္ထု ၁၈ အုပ်၊ ဝတ္ထုတို ဝတ္ထုရှည်စုစည်းမှု ၈ အုပ်၊ စာပေအနုပညာအတွေးအခေါ်ဆောင်းပါး ၇ အုပ်၊ အက်ဆေးနှင့်သုတေသနစာတမ်း ၇ အုပ်၊ ခေတ်ပြိုင်အနုပညာလောကနောက်ခံ ၆ အုပ်၊ စုစုပေါင်း ၆၂ အုပ် ရေးသားထုတ်ဝေပြီး ဖြစ်သည်။[၁]
ချစ်ဦးညို ရေးသား ထုတ်ဝေ ခဲ့သော စာအုပ်များ

    လင်္ကာဒီပချစ်သူ - ၁၉၇၇ခုနှစ်၊ ၁၉၇၉ ခုနှစ်၊ ၁၉၈၁ခုနှစ်၊ ၁၉၈၈ခုနှစ်၊ ၁၉၉၄ခုနှစ်၊ ၁၉၉၉ ခုနှစ်၊ ၂၀၁၂ ခုနှစ်
    ဥပေက္ခာဒေဝီ - ၁၉၇၈ ခုနှစ်
    ချစ်သောပါဒဧကရီ - ၁၉၇၉ ခုနှစ် မတ်လ၊ ၁၉၈၆ ခုနှစ်၊ ၁၉၉၆ ခုနှစ်၊ ၂၀၀၃ ခုနှစ် ဇန်နဝါရီလ
    နှင်းကေသရာချစ်တဲ့ သူရဲကောင်း - ၁၉၇၉ခုနှစ်၊ ၁၉၈၄ခုနှစ်၊ ၁၉၉၈ခုနှစ်၊ ၂၀၀၄ ခုနှစ် ဇန်နဝါရီလ
    သုဝဏ္ဏဘုမ္မိငရဲ သုဝဏ္ဏဘုမ္မိ နိဗ္ဗာန (သုဝဏ္ဏဘုမ္မိဝေဒနာ) - ၁၉၈၀ ပြည့်နှစ်၊ ၁၉၉၁ခုနှစ်၊ ၁၉၉၄ ခုနှစ်
    အီဂျစ်နှင့် အင်္ဂလန် နိုင်ငံခြားကို မောင်သွားထားလေမလား - ၁၉၈ဝ ပြည့်နှစ် ဇွန်လ၊ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ
    ကသောလက်နှင့်ရက်စက်သောမျက်နှာ - ၁၉၈၀ ပြည့်နှစ်၊ ၁၉၉၅ ခုနှစ်
    ခု ဆယ် ရာ ထောင် သောင်း ကဋေ (ချစ်ဦးညို၊သုမောင်) - ၁၉၈၀ ပြည့်နှစ်
    ခုနစ်အိမ်တန်းကမဂျမ်းဘုံ - ၁၉၈၁ခုနှစ်၊ ၂ဝဝ၁ ခုနှစ်
    တိမ်တိုက်တွေ ဖုံးပါလို့ အုန်းခြိမ့်ခြိမ့်ညံ - ၁၉၈၁ ခုနှစ်၊ ၂၀၀၄ ခုနှစ်
    ကောင်းလှချည့်လား ဒေါင်းမြကြည်နှင့် အခြားဝတ္ထုတိုများ - ၁၉၈၂ ခုနှစ်
    ဘုရင့် ကချေသည်နှင့် ရာဇဝင်ဝတ္ထုရှည်များ - ၁၉၈၂ ခုနှစ်
    မလေး မဏိစန္ဒာ (မောင်ဝဏ္ဏနှင့် အတွဲ) - ၁၉၈၂ ခုနှစ်
    တစ္ဆေနှင့် အခြားဝတ္ထုတိုများ - ၁၉၈၄ ခုနှစ်
    ပန်းမုံဝေ (ပထမတွဲ၊ ဒုတိယတွဲ) - ၁၉၈၄ ခုနှစ်
    ချစ်သူမင်းနန္ဒာ - ၁၉၈၄ ခုနှစ်၊ ၂၀၀၃ ခုနှစ်
    အဆိပ်နှင့်ကမ္ဘာတစ်သိန်း - ၁၉၈၅ခုနှစ်၊ ၁၉၉၂ခုနှစ်၊ ၂ဝဝ၁ ခုနှစ်
    ရွှေတိုက်စိုး - ၁၉၈၆ ခုနှစ်၊ ၂ဝဝ၂ ခုနှစ်
    ဒေဝစ္ဆရာနှင့် တွေ့ဆုံခြင်း - ၁၉၈၆ ခုနှစ် နိုဝင်ဘာလ၊ ၂၀၀၄ ခုနှစ် နိုဝင်ဘာလ
    မဟာသေနာပတိ - ၁၉၈၆ ခုနှစ်၊ ၂ဝဝ၂ ခုနှစ် မတ်လ
    နဝတ်ရတ်ကိုးသွယ် - ၁၉၈၆ ခုနှစ်၊ ၁၉၉၂ ခုနှစ်၊ ၂၀၀၀ ပြည့်နှစ်
    ဥပေက္ခာဒေဝီ (ပထမတွဲ၊ ဒုတိယတွဲ) - ၁၉၈၇ ခုနှစ်
    စောင်းသံနှင့်ဗုဒ္ဓယဉ်ကျေးမှု ဝတ္ထုတိုများ - ၁၉၈၈ ခုနှစ်
    ရတနာဂီရိ အကျဉ်းသား - ၁၉၈၉ ခုနှစ်၊ ၂ဝဝဝ ပြည့်နှစ်၊ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ
    ငြိမ်းချမ်းရေးမဟာတမန် - ၁၉၈၉ ခုနှစ်၊ ၁၉၉၂ ခုနှစ်၊ ၂၀၀၀ ပြည့်နှစ်
    ဗုဒ္ဓယဉ်ကျေးမှုဝတ္ထုပေါင်းချုပ် (ပထမတွဲ၊ ဒုတိယတွဲ) - ၁၉၈၉ ခုနှစ်
    ကာဠဗုဒ္ဓ ရက္ခိတ - ၁၉၉ဝ ပြည့်နှစ်
    ချစ်သူသုန္ဒရီ - ၁၉၉ဝ ပြည့်နှစ်
    တတိယမြောက် အရိန္ဒမာ ရုပ်ပုံလွှာ - ၁၉၉ဝ ပြည့်နှစ်
    မဏိစန္ဒာဥဒါန်း - ၁၉၉၁ ခုနှစ်၊ ၂ဝဝဝ ပြည့်နှစ်
    စာမရီသို့ ထူးထူးခြား - ၁၉၉၂ ခုနှစ်၊ ၂၀၀၄ ခုနှစ် ဇန်နဝါရီလ
    ထားမိ၏ ဥက္ကာပျံ နှလုံးသား - ၁၉၉၂ ခုနှစ်
    ချောက်ကမ်းပါးတောင်စွယ် မောင်မယ်မမြင်ဘူးကွယ် - ၁၉၉၂ ခုနှစ်
    ဘဒ္ဒါ - ၁၉၉၃ ခုနှစ်
    ရာဇကုမာရ - ၁၉၉၃ ခုနှစ်၊၁၉၉၇ ခုနှစ်၊ ၂၀၀၂ စက်တင်ဘာလ
    ဣန္ဒသတ္တနှလုံးသား - ၁၉၉၃ ခုနှစ်
    အစိရဝတီနှင့် ကုဏ္ဍလာကေသာ - ၁၉၉၄ ခုနှစ်
    တရားရှင် ရာဟုလာ - ၁၉၉၄ ခုနှစ်
    အဂ္ဂနိ - ၁၉၉၄ ခုနှစ်
    မဟာဒေသစာရီ နိဒါန်းနှင့် ဗုဒ္ဓ ယဉ်ကျေးမှု ဝတ္ထုတိုများ - ၁၉၉၄ ခုနှစ်
    ဟိမဝန္တာခရီးသည် - ၁၉၉၅ ခုနှစ်
    ရုက္ခစိုးမယားနှင့် အခြားပြိတ္တာများ - ၁၉၉၅ ခုနှစ်
    ဝိဇိတာဝီ - ၁၉၉၆ ခုနှစ်
    ရှင်စောပု - ၁၉၉၆ ခုနှစ်၊ ၂ဝဝ၁ ခုနှစ်
    လောကဇာတ်ခုံ ဇာတ်ခုံလောက (ချစ်ဦးညို၊ ခင်မျိုးချစ်) - ၁၉၉၆ ခုနှစ် အောင်တိုဘာလ၊ ၂၀၀၅ ခုနှစ် မတ်လ
    တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှု စာမျက်နှာ - ၁၉၉၇ ခုနှစ်
    အချစ်ဖြင့် လောင်ကျွမ်း တောက်ပသူများ - ၁၉၉၈ ခုနှစ်
    လောကဓံနှင့်လမ်းလျှောက် အတူထွက်ခြင်း - ၁၉၉၉ ခုနှစ်
    သမိုင်းမတွင်ပေမယ့် သမိုင်းဝင်နေတဲ့ စကားများ - ၁၉၉၉ ခုနှစ်၊ ၂၀၀၂ ခုနှစ်
    မငြိမ်းသာရဲ့ ရွှေနန်းတော်နှင့် မဂ္ဂဇင်းဝတ္ထုရှည်များ - ၂၀၀၀ ပြည့်နှစ်
    အကြောင်းအကျိုး အကောင်းအဆိုးတို့၏ အလယ် - ၂ဝဝ၁ ခုနှစ်
    အို ကိုဖိုးမြင့်နှင့် မစ္စတာ စမစ် မင်္ဂလာပါရှင် (ချစ်ဦးညို၊ မင်းလူ ၊ နုနုရည်(အင်းဝ)) - ၂ဝဝ၁ ခုနှစ်
    နေမင်းလမင်းသိန်းရာထောင် - ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ
    ယာဇ - ၂၀၀၅ ခုနှစ် ဇန်နဝါရီလ
    ဒုဋ္ဌဂါမဏိ − ၂၀၀၅ ခုနှစ် ဇန်နဝါရီလ
    လေးသည်တော်ရှင်ရသေ့နှင့်ဗုဒ္ဓယဉ်ကျေးမှုဝတ္ထုရှည် - ၂၀၀၈ ခုနှစ် အောင်တိုဘာလ
    မှူးမတ်များနှင့်တွေ့ဆုံခြင်း - ၂၀၁၀ ပြည့်နှစ် (တတိယအကြိမ်)
    မျက်မမြင်မာလိန်မှုးနှင့်ဗုဒ္ဓယဉ်ကျေးမှု ဝတ္ထုတိုများ
    ကလေးရဟန္တာများ − ပ - အကြိမ်၊ ၂၀၁၀ ပြည့်နှစ် ဇူလှိုင်လ
    နဂါးခေါင်းဗျပ်စောင်း − ပ - အကြိမ်၊ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ


သူ၏စာအုပ်တချို့ပါ


No comments:

Post a Comment